ဘာကြောင့်မှန်းမသိ အခုရက်ပိုင်းအတွင်း စာတွေရေးချင်စိတ်ပေါက်နေမိတယ်။ အတွေးတစ်ခုပေါ်လာတိုင်း အဲဒီကိုယ့်ရဲ့အတွေးတွေ ပျောက်သွားမှာ စိုးရိမ်နေမိတယ်။ ငယ်ငယ်ကတော့ စာရေးခြင်းဆိုတာ ကျောင်းမှာ စာစီစာကုံးရေးရင် အမှတ်များများရဖို့။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်တော့ စာရေးခြင်းဆိုတဲ့ အလုပ်ကို စိတ်ကူးထဲတောင် ထည့်မယဉ်မိခဲ့။ လွတ်လပ်စွာရေးသားကပ်ဝေခွင့်မရှိတဲ့ နံရံကပ်သင်ပုန်းတွေကြား ဖြတ်သန်းရတဲ့ ကျွန်မရဲ့ တက္ကသိုလ်ကျောင်းသူဘ၀မှာ ကျောင်းစာများနှင့် အခြားလူမှုရေး အလုပ်များလုပ်ခြင်းမှလွဲ၍ ဘယ်အရာကမှ ကျွန်မကိုစာတွေရေးချင်လာအောင် မတိုက်တွန်းခဲ့ပါ။ မှတ်မှတ်ရရဆိုလို့  စာသင်ခန်းအပေါက်ဝတံခါးမှာတော့ ကဗျာလေး တစ်ပုဒ်စ၊ နှစ်ပုဒ်စတော့ ကပ်ခဲ့ဘူးပါသည်။ဒါလဲ နောက်တော့ ဆရာက ‘ငါ အေးအေးနေပါရစေအေ’ ဆိုတာနဲ့ပဲ...
ကျောင်းပြီးလို့အလုပ်ထဲရောက်တော့ အမုန်းဆုံးက paper work. ထားပါလေတော့ ဒါတွေ..
အခု ဒီဘလော့ကို ကျွန်မရဲ့ အတွေးအမြင်များ၊ ခံစားချက်များနှင့် ဗဟုသုတများကို မျှဝေရန် ရည်ရွယ်ချက်ဖြင့် ရေးခြင်းသာဖြစ်သည့်အတွက် မတော်တဆ ခလုတ်တိုက်မိ၍ ရောက်လာကြကုန်သောစာဖတ်သူများအနေဖြင့် အပြုသဘောဆောင်၍ လွတ်လပ်စွာဝေဖန် သုံးသပ်နိုင်ပါသည်။
Wednesday, March 31, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment